တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့ နာယကဖြစ်သည့် မြန်မာသံအမတ်ကြီး ထံသို့ တောင်အာဖရိကနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အသစ်ဖြစ်သူက လာရောက်ဂါရဝပြုတွေ့ဆုံ(၁-၂-၂၀၂၃ ရက်)

(၁-၂-၂၀၂၃ ရက်၊ ပရီတိုးရီးယား)

တောင်အာဖရိကနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Nelson Muffuh သည် တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား ၁-၂-၂၀၂၃ ရက်နေ့ နံနက် ၁၁:၀၀ နာရီချိန်တွင် မြန်မာသံရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ၊ ကုလသမဂ္ဂ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ အာဆီယံအပါ အဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြပါသည်။