တောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ကွယ်လွန်သူ နမီးဘီးယားသမ္မတနိုင်ငံ သမ္မတအတွက် ကျင်းပသည့် အောက်မေ့ခြင်းအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားခဲ့ခြင်း (၂၂-၂-၂၀၂၄ ရက်)

(၂၂-၂-၂၀၂၄ ရက်၊ ပရီတိုးရီးယား) တောင်အာဖရိကသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အာရှဒေသသံတမန်အဖွဲ့နာယက သံအမတ်ကြီး ဦးမြင့်ဆွေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ၁၅၀၀ နာရီတွင် ပရီတိုးရီးယားမြို့ University of South Africa ရှိ Senate Hall ၊ Winnie Madikizela -Mandela Building ၌ ကျင်းပသည့် ကွယ်လွန်သူ နမီးဘီးယားသမ္မတနိုင်ငံ သမ္မတ H.E. Dr. Hage Gottfried Geingob ၏ အောက်မေ့ခြင်းအခမ်းအနားသို့ တက်ရောက်၍ အာရှဒေသသံတမန်များအဖွဲ့နှင့် မြန်မာနိုင်ငံကိုယ်စား ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် သံအမတ်ကြီး ဦးမြင့်ဆွေက နမီးဘီးယားနိုင်ငံသမ္မတ H.E. Dr. Hage Gottfried Geingob Read More…

တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့ နာယကဖြစ်သည့် မြန်မာသံအမတ်ကြီး ထံသို့ တောင်အာဖရိကနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Dong-Han က လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ခြင်း

(၁၂-၁-၂၀၂၄၊ ပရီတိုးရီးယား) တောင်အာဖရိကနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Dong-Han သည် တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား ၁၂-၁-၂၀၂၄ ရက်နေ့ နံနက် ၁၁း၀၀ နာရီချိန်တွင် မြန်မာသံရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အာရှဒေသသံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာ နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်မှုများဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့ နာယက မြန်မာသံအမတ်ကြီးထံ အင်ဒိုနီးရှားသံအမတ်ကြီး  လာရောက်တွေ့ဆုံ (၁၈-၉-၂၀၂၃ ရက်)

(၁၈-၉-၂၀၂၃ ရက်၊ ပရီတိုးရီးယား) တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား တောင်အာဖရိကနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E. Saud Purwanto Krisnawan သည် ၁၈-၉-၂၀၂၃ ရက်၊ (၁၀:၀၀) နာရီတွင် မြန်မာသံရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အာရှဒေသသံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်တိုးတက်မှုများဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့ နာယကဖြစ်သည့် မြန်မာသံအမတ်ကြီးထံသို့ တောင်အာဖရိကနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးက လာရောက်တွေ့ဆုံ

(၁-၃-၂၀၂၃ ရက်၊ ပရီတိုးရီးယား) တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား တောင်အာဖရိကနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Aftab Hasan Khan သည် ၁-၃-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ပရီတိုးရီးယားမြို့၊ မြန်မာသံရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။  ထိုသို့ တွေ့ဆုံရာတွင် အာရှဒေသသံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့ နာယကဖြစ်သည့် မြန်မာသံအမတ်ကြီး ထံသို့ တောင်အာဖရိကနိုင်ငံဆိုင်ရာ ကာဇက်စတန်နိုင်ငံ သံအမတ်ကြီးက လာရောက်တွေ့ဆုံ

(၁-၃-၂၀၂၃ ရက်၊ ပရီတိုးရီးယား) တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား တောင်အာဖရိကနိုင်ငံဆိုင်ရာ ကာဇက်စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Yerkin AKHINZHANOV သည် ၁-၃-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ပရီတိုးရီးယားမြို့၊ မြန်မာသံရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။  ထိုသို့ တွေ့ဆုံရာတွင် အာရှဒေသသံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့ နာယကဖြစ်သည့် မြန်မာသံအမတ်ကြီး ထံသို့ တောင်အာဖရိကနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အသစ်ဖြစ်သူက လာရောက်ဂါရဝပြုတွေ့ဆုံ(၁-၂-၂၀၂၃ ရက်)

(၁-၂-၂၀၂၃ ရက်၊ ပရီတိုးရီးယား) တောင်အာဖရိကနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Nelson Muffuh သည် တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား ၁-၂-၂၀၂၃ ရက်နေ့ နံနက် ၁၁:၀၀ နာရီချိန်တွင် မြန်မာသံရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ၊ ကုလသမဂ္ဂ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ အာဆီယံအပါ အဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြပါသည်။

သံအမတ်ကြီး ဦးမြင့်ဆွေ မာလာဝီသမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်ခဲ့ခြင်း

မာလာဝီသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြင့်ဆွေသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် မာလာဝီသမ္မတနိုင်ငံ၊ လီလွန်ဂွေးမြို့၊ ကမာဇူနန်းတော်၌ မာလာဝီသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ လာ့ဇရပ်(စ်) မက်ကာသီ ချက်(ခ်)ဝီရာ ထံသို့ ပေးအပ်ခဲ့ပါသည်။