တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့ နာယက မြန်မာသံအမတ်ကြီးထံ အင်ဒိုနီးရှားသံအမတ်ကြီး  လာရောက်တွေ့ဆုံ (၁၈-၉-၂၀၂၃ ရက်)

(၁၈-၉-၂၀၂၃ ရက်၊ ပရီတိုးရီးယား)

တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား တောင်အာဖရိကနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E. Saud Purwanto Krisnawan သည် ၁၈-၉-၂၀၂၃ ရက်၊ (၁၀:၀၀) နာရီတွင် မြန်မာသံရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် အာရှဒေသသံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်တိုးတက်မှုများဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။