နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားတွင် ပါဝင်လောင်းလှူ (၅-၃-၂၀၂၃ ရက်)

(၅-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့မှ ၅-၃-၂၀၂၃ ရက်၊ ၁၅:၄၅ နာရီ၌ ကျင်းပသည့် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဆွမ်းဆန်တော် ပါဝင်လောင်းလှူခဲ့ပါသည်။

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထာင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဘွဲ့ခံ ပြည်တွင်း၊ ပြည်ပ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ပါဝင်လောင်းလှူခဲ့ကြကြောင်း သိရှိရပါသည်။