အာဆီယံ-ပရီတိုးရီးယားကော်မတီ လစဉ်ပုံမှန်အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၃၁-၇-၂၀၂၃ ရက်)

၃၁-၇-၂၀၂၃ ရက်၊ ပရီတိုးရီးယား)

တောင်အာဖရိကနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံရုံးများ၏ အာဆီယံ-ပရီတိုးရီးယားကော်မတီ (ASEAN Pretoria Committee-APC) လစဉ်ပုံမှန်အစည်းအဝေးအား ကော်မတီဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံ သံအမတ်ကြီးက ဦးစီး၍ ၃၁-၇-၂၀၂၃ ရက်၊ နံနက် ၀၉၃၀ မှ ၁၁၃၀ နာရီအထိ ထိုင်းနိုင်ငံသံရုံးတွင် ကျင်းပခဲ့ရာ အာဆီယံနိုင်ငံ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီးဦးမြင့်ဆွေ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံ-ပရီတိုးရီးယားကော်မတီနှင့် တောင်အာဖရိကအစိုးရ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် သံတမန်ရေး၊ ပညာရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ၂၀၂၃ ခုနှစ် ဒုတိယ ၆ လတာ ကာလအတွင်း ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များအား သံရုံးအကြီးအကဲများက ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံသံအမတ်ကြီးက ဦးစီး၍ အသစ်ပြောင်းရွှေ့ရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံသံအမတ်ကြီးအား နေ့လယ်စာဖြင့် ကြိုဆိုတည်ခင်းဧည့်ခံခဲ့ရာ အာဆီယံ-ပရီတိုးရီးယားကော်မတီ၏ သံရုံးအကြီးအကဲများ၊ တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ခေတ္တဒုတိယညွှန်ကြားရေးမှူးချုပ် Ambassador Zodwa Lallie နှင့် Asia & Middle East ဌာနခွဲမှ Chief Director 

Ms. Sindiswa Mququ တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။