နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၌ ၂၀၂၄ ခုနှစ် သံတမန်သင်္ကြန်ပွဲတော် ကျင်းပပြုလုပ် (၁၆-၄-၂၀၂၄ ရက်)

(၁၆-၄-၂၀၂၄ ရက်၊ ရန်ကုန်) ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်သစ်ကူးအခါသမယကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်သင်္ကြန်ပွဲတော်ကို ၁၆-၄-၂၀၂၄ ရက်၊ သင်္ကြန်အတက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သံတမန်သင်္ကြန်ပွဲတော်အစီအစဉ်အရ ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက နှစ်သစ်ကူးဆုမွန်ကောင်းစကားပြောကြားခဲ့ပြီး သံတမန်သင်္ကြန်ပွဲတော်သို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ/ အဖွဲ့ရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသည့် သံတမန်များနှင့် ဧည့်သည်တော်များအား မြန်မာ့ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံကာ Read More…

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းအကြား အလုပ်သဘော သဘောတူညီချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ 

(၁၂-၄-၂၀၂၄ ရက်၊ ရန်ကုန်)    မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းအကြား အလုပ်သဘော သဘောတူညီချက် (Working Protocol) ဖြင့် ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၁၂-၄-၂၀၂၄ ရက်နေ့၊ ၁၁:၀၀ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်သဘော သဘောတူညီချက် (Working Protocol)ကို မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း၊ ဥက္ကဋ္ဌ Mr. Li Fu Quan တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ The Signing  Ceremony on Working Protocol between Read More…

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပြောကြားသည့် အခမ်းအနားတက်ရောက် (၉-၄-၂၀၂၄ ရက်)

(၉-၄-၂၀၂၄ ရက်၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများကို သိရှိ နားလည်စေရန်၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတကာသံတမန်များအား စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော သတင်းအမှန်များကို မျှဝေပေးနိုင်စေရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သတင်းအမှားများကြောင့် ပြည်သူများအကြား ဖြစ်ပေါ်လျက်ရှိသော စိုးရိမ်စိတ်များကို လျော့ကျစေရေး ထပ်ဆင့်ရှင်းလင်းနိုင်စေရန် ရည်ရွယ်၍ သိကောင်းစရာများ ရှင်းလင်းပြောကြားသည့် အခမ်းအနားကို ၉-၄-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက Read More…

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား (၉-၄-၂၀၂၄ ရက်)

(၉-၄-၂၀၂၄ ရက်၊ နေပြည်တော်) ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်း များအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၉-၄-၂၀၂၄ ရက်၊ ၁၀:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်း ဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားအစီအစဉ်အရ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် သံရုံးယာယီတာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများက ၎င်းတို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကိုတစ်ဦးချင်းစီအနေဖြင့် မိတ်ဆက်တင်ပြကြသည်။ Read More…

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေး ဂလေးဇီးယပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၈-၄-၂၀၂၄ ရက်)

(၈-၄-၂၀၂၄ ရက်၊ နေပြည်တော်) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေး ဂလေးဇီးယပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်၊ (၁၁:၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။​ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလုပ်ငန်းအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် မစ္စတာ ဆာဂေး ဂလေးဇီးယပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ************************************** Deputy Prime Minister and Union Minister for Read More…

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄) နှင့် အမှုထမ်းငယ်များ အတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ (၅-၄-၂၀၂၄ ရက်)

(၅-၄-၂၀၂၄ ရက်၊ နေပြည်တော်/ရန်ကုန်) နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၄၅/၂၀၂၄) နှင့် အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂/၂၀၂၄) တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားများကို ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်၊ ၀၉၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့တွင် တစ်ပြိုင်တည်းကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ နေပြည်တော်၌ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄) ကို နိုင်ငံခြားရေး ဝန်ကြီးဌာန (နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) တို့တွင် တန်းခွဲနှစ်ခုဖြင့် ၁၅-၁-၂၀၂၄ ရက်နေ့မှ ၅-၄-၂၀၂၄ ရက်နေ့အထိ ရက်သတ္တ Read More…

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို လက်ခံတွေ့ဆုံ (၄-၄-၂၀၂၄ ရက်)

(၄-၄-၂၀၂၄ ရက်၊ နေပြည်တော်) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန (UN Department of Safety and Security- UNDSS) ၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို ယနေ့နံနက်၁၁နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။​တွေ့ဆုံစဉ် Under-Secretary-General Mr. Gilles Michaud က ကုလသမဂ္ဂဝန်ထမ်း များ၏ ဘေးကင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ လုပ်ငန်းများ ဆောင်ရွက်ခွင့်တို့နှင့် ပတ်သက် ၍ အဓိက ဆွေးနွေးသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုနှင့် ပတ်သက်၍ အလေးပေး ဆောင်ရွက်ပေးလျက် Read More…

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တောင်အာဖရိကနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်က ခန့်အပ်လွှာပေးအပ် (၃-၄-၂၀၂၄ ရက်)

(၃-၄-၂၀၂၄ ရက်၊ နေပြည်တော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရန်ကုန်မြို့အခြေစိုက် တောင်အာဖရိကနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူ ဦးမြင့်ဌေးအား ၃-၄-၂၀၂၄ ရက်နေ့၊ ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ဦးမြင့်ဌေးက ၎င်း၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ခန့်အပ်လွှာကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ပြီး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကလည်း ၎င်းအား ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အသိအမှတ်ပြုစာချွန်လွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အလှူအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ အလှူတော်ငွေများ ပေးအပ်လှူဒါန်း (၃-၄-၂၀၂၄ ရက်)

(၃-၄-၂၀၂၄ ရက်၊ နေပြည်တော်) ဥပွါတသန္တိစေတီတော်မြတ်ကြီး၊ ပထမဖောင်းရစ်တွင် ကပ်လှူပူဇော်ရန် လိုအပ်လျက် ရှိသည့် ရွှေစင်ရွှေပြားများအား (၁) ချပ်လျှင် ကျပ် (၂၅) သိန်းနှုန်းဖြင့် ရွှေစင်ရွှေပြား (၇) ချပ်နှင့် နဝကမ္မ အလှူတော်ငွေ (၇) သိန်း၊ လှူဒါန်းမှု စုစုပေါင်းတန်ဖိုး ကျပ် ၁၈,၂၀၀,၀၀၀/- ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အလှူအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးလွင်ဦး ဦးဆောင်သော ကိုယ်စားလှယ်များမှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ဂေါပကအဖွဲ့ထံသို့ ၃-၄-၂၀၂၄ ရက်၊ ၁၄၀၀ နာရီတွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ ဦးစွာ ဒုတိယဝန်ကြီးမှ စေတီတော်မြတ်ကြီးတွင် ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဝန်ထမ်းများ၊ ပြည်ပရှိ Read More…

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၂၉-၃-၂၀၂၄ ရက်)

(၂၉-၃-၂၀၂၄ ရက်၊ နေပြည်တော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဗီနေးကူးမားအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်၊ (၁၁၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။​ ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယသံအမတ်ကြီး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား သမိုင်းကြောင်းစဉ်လာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ Deputy Prime Minister and Union Minister for Foreign Read More…