(၁-၃-၂၀၂၃ ရက်၊ ပရီတိုးရီးယား)
တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား တောင်အာဖရိကနိုင်ငံဆိုင်ရာ ကာဇက်စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Yerkin AKHINZHANOV သည် ၁-၃-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ပရီတိုးရီးယားမြို့၊ မြန်မာသံရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် အာရှဒေသသံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။