တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့ နာယကဖြစ်သည့် မြန်မာသံအမတ်ကြီး ထံသို့ တောင်အာဖရိကနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Dong-Han က လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ခြင်း

(၁၂-၁-၂၀၂၄၊ ပရီတိုးရီးယား)

တောင်အာဖရိကနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Dong-Han သည် တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား ၁၂-၁-၂၀၂၄ ရက်နေ့ နံနက် ၁၁း၀၀ နာရီချိန်တွင် မြန်မာသံရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အာရှဒေသသံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာ နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်မှုများဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။