ဒုတိယဝန်ကြီဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagi အားလက်ခံတွေ့ဆုံ(၁၄-၁၂-၂၀၂၃ ရက်)

(၁၄-၁၂-၂၀၂၃၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagi အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်၊ ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

​ထိုသို့တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် UNHCR တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက် နေမှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။