ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ (၂၈-၂-၂၀၂၄ ရက်)

(၂၈-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ၀၉၄၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Deputy Prime Minister and Union Minister for Foreign Affairs receives Mr. Marcoluigi Corsi, United Nations Resident and Humanitarian Coordinator a.i. (28-2-2024)

(28-2-2024, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Mr. Marcoluigi Corsi, United Nations Resident and Humanitarian Coordinator a.i. (UN RC/HC a.i.) at 0945 hrs on 28 February 2024 at the Ministry of Foreign Affairs in Nay Pyi Taw. During the meeting, they discussed the matters on existing cooperation between the Government of Myanmar and the United Nations agencies.