တောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ကွယ်လွန်သူ နမီးဘီးယားသမ္မတနိုင်ငံ သမ္မတအတွက် ကျင်းပသည့် အောက်မေ့ခြင်းအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားခဲ့ခြင်း (၂၂-၂-၂၀၂၄ ရက်)

(၂၂-၂-၂၀၂၄ ရက်၊ ပရီတိုးရီးယား) တောင်အာဖရိကသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အာရှဒေသသံတမန်အဖွဲ့နာယက သံအမတ်ကြီး ဦးမြင့်ဆွေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ၁၅၀၀ နာရီတွင် ပရီတိုးရီးယားမြို့ University of South Africa ရှိ Senate Hall ၊ Winnie Madikizela -Mandela Building ၌ ကျင်းပသည့် ကွယ်လွန်သူ နမီးဘီးယားသမ္မတနိုင်ငံ သမ္မတ H.E. Dr. Hage Gottfried Geingob ၏ အောက်မေ့ခြင်းအခမ်းအနားသို့ တက်ရောက်၍ အာရှဒေသသံတမန်များအဖွဲ့နှင့် မြန်မာနိုင်ငံကိုယ်စား ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် သံအမတ်ကြီး ဦးမြင့်ဆွေက နမီးဘီးယားနိုင်ငံသမ္မတ H.E. Dr. Hage Gottfried Geingob Read More…

နိုင်ငံခြားရေးဝန်ကြီးဌာနမှ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ Oxygen Concentrator များ ပေးအပ်လှူဒါန်း(၁၃-၁၁-၂၀၂၃ ရက်)

(၁၃-၁၁-၂၀၂၃ ရက်၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနသို့ Oxygen Concentrator များ ပေးအပ် လှူဒါန်းပွဲအခမ်းအနားအား ၁၃-၁၁-၂၀၂၃ ရက်၊ ၁၂:၀၀ နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။   အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လှူဒါန်းလက်ခံရရှိထားသော Oxygen Concentrator (၄၂) လုံးအား နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀)၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ ကလေးရောဂါအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီးနှင့် ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးများ၌ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ Read More…

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက UNHCR ၏ လက်ထောက်မဟာမင်းကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၉-၁၁-၂၀၂၃ ရက်)

(၉-၁၁-၂၀၂၃ ရက်၊ နေပြည်တော်) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းစဉ်နှင့် UNHCR နှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ဗန်ကောက်မြို့အခြေစိုက် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး၊ နယူးယောက်မြို့အခြေစိုက် UNHCR ဆက်ဆံရေးရုံး၏ ညွှန်ကြားရေးမှူး၊ Read More…

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအား လက်ခံတွေ့ဆုံ(၂၂-၈-၂၀၂၃ ရက်)

(၂၂-၈-၂၀၂၃ ရက်၊ နေပြည်တော်) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski အား ၂၂-၈-၂၀၂၃ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကဏ္ဍတွင် IOM မှ မြန်မာပြည်သူများအတွက် အကူအညီပေးအပ်မှုများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် IOM ဘက်မှ စီမံကိန်းမန်နေဂျာ Mr. Euan McDougall တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သဘာဝဘေးအန္တရာယ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်ပရှိ ကုမ္ပဏီ/အဖွဲ့အစည်းများမှ လှူဒါန်း(၄-၇-၂၀၂၃ ရက်)

(၄-၇-၂၀၂၃ ရက်၊ နေပြည်တော်) ဆိုင်ကလုန်း “မိုခါ” သဘာဝ ဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ပေကျင်းမြို့၊ မြန်မာသံရုံးမှတစ်ဆင့် ပေကျင်းမြို့ရှိ တရုတ်ဗုဒ္ဓဘာသာအသင်းမှ လှူဒါန်းသည့် တရုတ်ယွမ် ၁,၀၀၀,၀၀၀/- နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ ၁၃၉,၇၉၅/- (အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကိုးထောင်ခုနှစ်ရာကိုးဆယ့်ငါးတိတိ) နှင့် ဗန်ကောက်မြို့၊ မြန်မာသံရုံးမှတစ်ဆင့် The First Good Man Group Co., Ltd. ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Fuangfoo Cheewinmaharat နှင့် အကြံပေးအရာရှိ Mr. Thanich Numnoi တို့က လှူဒါန်းခဲ့ကြသည့် ထိုင်းဘတ် ၂၀၀,၀၀၀/- (ထိုင်းဘတ်နှစ်သိန်းတိတိ) တို့အား ၃၀-၆-၂၀၂၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ Read More…

သတင်းထုတ်ပြန်ချက်(၂၂-၆-၂၀၂၃)

ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွန်ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈-၁၉ ရက်များတွင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာအရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ် များနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများက မြန်မာ့ အရေးအပေါ် ဆွေးနွေးအကြံပြုနိုင်ရန် အလွတ်သဘော အစည်းအဝေး ကျင်းပပြုလုပ်ခြင်းကို ကြိုဆိုကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု သတင်းမှန်များကို ပိတ်ဆို့ခံ ထားရပြီး၊ တစ်ဘက်သတ် သတင်းမှားများ ကမ္ဘာအနှံ့ပျံ့နှံ့နေကြောင်း၊ အထူးသဖြင့် အာဆီယံ တူညီဆန္ဒ(၅)ချက်နှင့် ဆက်စပ်သုံးသပ်ကြသည်ကို Read More…

ကမ္ဘာ့ကပ်ရောဂါကို တွန်းလှန်နေချိန်တွင် စိတ်ဝမ်းကွဲစေရန် ဖန်တီးမှုများကို လက်မခံ

(၃၀-၇-၂၀၂၁ ရက်၊ နေပြည်တော်) ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေး တစ်ရပ်ကို ၂၉-၇-၂၀၂၁ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ Arria Formula အစည်းအဝေး၏ သဘောသဘာဝအရ အလွတ်သဘောဆွေးနွေးမှုသာ ဖြစ်ပြီး အစည်းအဝေးမှ စာရွက်စာတမ်း တစ်စုံတစ်ရာထွက်ရှိခြင်း မရှိပါ။ လုံခြုံရေးကောင်စီ၏ လုပ်နည်းလုပ်ဟန်အရ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကမကထပြုဆောင်ရွက်နိုင်ပြီး အစည်းအဝေးသို့ ဖိတ်ကြားသူများအားလုံးနှင့် တက်ကြွလှုပ်ရှားသူများလည်း အဟန့်အတား မရှိဘဲ ပါဝင်နိုင်ခြင်း ဖြစ်သည်။ ယခုအစည်းအဝေးစီစဉ်သူများ၏ ရည်ရွယ်ချက်သည် မေးခွန်းထုတ်ဖွယ် ဖြစ်သည်။ အခြားပါဝင်ပတ်သက်နေသူများ၏ ကွဲပြားသည့် သဘောထားအမြင်များ ပါဝင်ရမည့်အစား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ လုပ်ကြံဖန်တီးထားသည့် တစ်ဖက်သတ် လိုရာဆွဲ ပြောကြားသည့် သတင်းအချက်အလက်များကို အခြေခံဆွေးနွေးခဲ့ကြောင်း တွေ့ရှိရသည်။ မြေပြင်အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်ခြင်းမရှိသူများအား Read More…